ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပါတီအတွင်းရေမှူးမှ အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီအတွင်းရေးမှူးမှ အစီရင်ခံတင်ပြခြင်း၊ မြို့နယ်ပါတီ တွဲဖက်အတွင်း ရေးမှူးမှ စာတမ်းတင်သွင်းခြင်း၊ မြို့နယ်ကော်မတီဝင်အဖွဲ့ (၅၅)ဦးမှ သဘာပတိရှေ့မှောက်တွင် နှုတ်ထွက်ခြင်း၊ မြို့နယ်ကော်မတီဝင် အသစ် (၁၅) ဦးအား ဆန္ဒပြုရွေးချယ်ခြင်း၊ အရန် ကော်မတီဝင် အသစ် (၁၅)ဦး ရွေးချယ်သတ်မှတ်ခြင်း၊ ရွေးချယ်ခံများမှ သဘာပတိ ရှေ့မှောက်တွင် ကတိ သစ္စာပြုခြင်း၊ ရွေးချယ်ခံအဖွဲ့ကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ကျင်းပြုလုပ်ခဲ့ပါသည်။

Usdp Yedashe


Leave a Reply