မအူပင်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များ စုပေါင်း၍ မအူပင်မြို့တွင် ခြင်ဆေးဖျန်းမှုများကို လုပ်ကိုင်ခဲ့ကြောင်း မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ကိုဝေယံက ပြောသည်။

မိုးရာသီဖြစ်သောကြောင့် ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရန်အတွက် ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မအူပင်မြို့ (၁ဝ) ရပ်ကွက် လမ်းသွယ်(၁)တွင် ယခုလ (၁၁) ရက်က လမ်းသူလမ်းသားများနှင့် စုပေါင်း ပြီး ခြင်ဆေးဖျန်းခြင်း၊ ယင်းနေ့တွင်ပင် အထက(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ခြင်ဆေး ဖျန်းခြင်းနှင့် အလက(၁) ယမုံနာတွင် ခြင်ဆေးဖြန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင်း သိရသည်။

ပါတီဝင်အင်အား (၁ဝ) ဦးခန့်ဖြင့် ခြင်ဆေးဖျန်းခြင်းကို လုပ်ကိုင်လျက်ရှိပြီး ခြင်အန္တရာယ်ကင်းစင် ရေးအတွက် ခြင်ဆေးဖျန်းမှုကိုလည်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင် များထံမှ သိရသည်။

မောင်ပြည်ခိုင်


Leave a Reply