စဉ်ကူးမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ ရွေးကောက်ပွဲဆိုင်ရာဥပဒေသင်တန်းဖွင့်လှစ်

 

(၂၉.၁၀.၂၀၁၈)ရက်​​နေ့တွင်​ စဉ်ကူးမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရွေးကောက်ပွဲဆိုင်ရာဥပဒေသင်တန်းဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ကော်​မတီဝင်​များ၊ မတ္တရာမြို့နယ်​၊ စဉ်ကူးမြို့နယ်​တို့မှ ပြည်ခိုင်ဖြိုးပါတီအဖွဲ့များ၊ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်​တို့မှ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်​။