
တောင်ကြီး စက်တင်ဘာ ၂၉

======================

ရှမ်းပြည်နယ်(တောင်ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် Dr.ပွင့်ဆန်း ၊ ရှမ်း/တောင် ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံဟောင်း ဦးအောင်ထွန်း တို့မှ ရှမ်း/ တောင်အတွင်းရှိပါတီဝင်ဟာင်းများ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ

တောင်ကြီး စက်တင်ဘာ ၂၉
၂၉.၉. ၂၀၂၃ရက်နေ့ (၀၉:၄၅)ချိန်မှ (၁၁:၄၅)ချိန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ရှမ်း / တောင်ပြည်ခိုင်ဖြိုး ပါတီ နယ်မြေတာဝန်ခံ(ဟောင်) ဦးအောင်ထွန်း တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ပါတီဝင်ဟောင်းများ၊ပါတီဝန်းရံသူများ စုစုပေါင်း (၃၀)ဦးနှင့် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပါတီ​၏မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားပြီးတက်ရောက် လာသူများမှလည်း ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။