ပါတီဗဟိုအလုပ္အမႈေဆာင္ အလုပ္သမားေရးရာတာဝန္ခံ ဦးေမာင္ျမင့္ အလုပ္အကိုင္ရရွိေရး ေလၽွာက္ထားသူလူငယ္မ်ားႏွင့္ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ၊ အလုပ္သမားေရးရာေကာ္မတီႏွင့္ ဧရာဝတီတိုင္းျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီတို႔ခ်ိတ္ဆက္၍​ ဧရာဝတီတိုင္း ျပည္ေထာင္စုႀကံခိုင္ေရးႏွင္ဖြံ့ၿဖိဳ႕ေရးပါတီတြင္ ၃၀.၉.၂၀၂၃ ရက္ေန႔ နံနက္ ၁၀:၀၀ နာရီ၌ ျပည္ခိုင္ၿဖိဳးသင္တန္းေက်ာင္း(ေရကူးကန္ေဟာင္းေဘး၊ ကန္သုံးဆင့္)တြင္ ဂ်ပန္နိုင္ငံအလုပ္အကိုင္ရရွိေရးသို႔ ေလၽွာက္ထားသူလူငယ္ (၄၄၄)ဉီးကိုေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ဗဟိုအလုပ္အမႈေဆာင္၊ အလုပ္သမားေရးရာေကာ္မတီတာဝန္ခံ ဉီးေမာင္ျမင့္၊ ဧရာဝတီတိုင္းပါတီဥကၠဌ ဦးသိန္းထြန္း၊ ဂ်ပန္အလုပ္အကိုင္တာဝန္ခံ တို႔မွ အလုပ္အကိုင္ရရွိေရးကိုရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ဧရာဝတီတိုင္းတြင္ ၿမိဳ႕နယ္မ်ားမွ ေျဖဆိုစိစစ္မႈအရ ပထမအဆင့္တြင္ က်ား ၁၆၂ ဦး၊ မ ၁၀၅ ဦး ေပါင္း ၂၆၇ ဦး​ ေအာင္ျမင္ၿပီး စိစစ္မႈကို ညေန ၁၅:၃၀ တြင္ ၿပီးစီးေၾကာင္းတင္ျပအပ္ပါသည္။

========================

ပါတီဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် အလုပ်အကိုင်ရရှိရေး လျှောက်ထားသူလူငယ်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အလုပ်သမားရေးရာကော်မတီနှင့် ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ချိတ်ဆက်၍​ ဧရာဝတီတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံ့ဖြို့ရေးပါတီတွင် ၃၀.၉.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ပြည်ခိုင်ဖြိုးသင်တန်းကျောင်း(ရေကူးကန်ဟောင်းဘေး၊ ကန်သုံးဆင့်)တွင် ဂျပန်နိုင်ငံအလုပ်အကိုင်ရရှိရေးသို့ လျှောက်ထားသူလူငယ် (၄၄၄)ဉီးကိုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဉီးမောင်မြင့်၊ ဧရာဝတီတိုင်းပါတီဥက္ကဌ ဦးသိန်းထွန်း၊ ဂျပန်အလုပ်အကိုင်တာဝန်ခံ တို့မှ အလုပ်အကိုင်ရရှိရေးကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်များမှ ဖြေဆိုစိစစ်မှုအရ ပထမအဆင့်တွင် ကျား ၁၆၂ ဦး၊ မ ၁၀၅ ဦး ပေါင်း ၂၆၇ ဦး​ အောင်မြင်ပြီး စိစစ်မှုကို ညနေ ၁၅:၃၀ တွင် ပြီးစီးကြောင်းတင်ပြအပ်ပါသည်။