ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ပါတီဗဟိုအလုပ္အမႈေဆာင္ဦးေအာင္သူႏွင့္ (၂)ခရိုင္(၆)ၿမိဳ႕နယ္မွပါတီတာဝန္ရွိသူမ်ားေတြ႕ဆုံ

လားရွိုး ေအာက္တိုဘာ ၁
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဗဟိုအလုပ္အမႈေဆာင္၊ရွမ္းျပည္နယ္ေျမာက္ပိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉးဦးေအာင္သူသည္ ၂၀၂၃ ခုႏွစ္၊ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊လားရွိုးခရိုင္၊ ေက်ာက္မဲခရိုင္၊လားရွိုးၿမိဳ႕နယ္၊တန္႔ယန္းၿမိဳ႕နယ္၊ေက်ာက္မဲၿမိဳ႕နယ္၊သီေပါၿမိဳ႕နယ္၊နမၼတူၿမိဳ႕နယ္ႏွင့္ေနာင္ခ်ိဳၿမိဳ႕နယ္ မ်ားမွ ပါတီဥကၠ႒မ်ားအတြင္းေရးမႉးမ်ားႏွင့္ ျပည္နယ္ပါတီ႐ုံး၌ေတြ႕ဆုံခဲ့ၾကေၾကာင္းသတင္းရရွိပါသည္။
အဆိုပါေတြ႕ဆုံပြဲတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ေပါင္းစပ္ညႇိႏွိုင္းေရးမႉးမွ (၁) သတ္မွတ္ပါတီဝင္အင္အား စာရင္းမ်ား သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္႐ုံးခြဲမ်ားသို႔ အခ်ိန္မွီ မွန္မွန္ကန္ကန္တိတိက်က် တင္ျပနိုင္ေရး (၂) ျပည့္မ႑ိဳင္လူထုေတြ႕ဆုံမႈ႔လုပ္ငန္းစဥ္ႏွင့္ပက္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားႏွင့္ (Key Performance Index Check List) ပါအခ်က္(၁၇)ခ်က္မွန္မွန္ကန္ကန္ျဖည့္သြင္းနိုင္ေရး (၃) လူငယ္အင္အားအသစ္၊အမ်ိဳးသမီးအင္အားအသစ္မ်ား တိုးပြားရရွိေအာင္ ေဆာင္ရြက္ေရးကိစၥရပ္မ်ားႏွင့္ (Project Circle Management) ပါအခ်က္အလက္မ်ားအား အေသးစိတ္ရွင္းလင္းေျပာၾကားခဲ့ပါသည္။

==============================

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပေါင်းစပ်ညှိနှိုင်းရေးမှူး ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်သူနှင့် (၂)ခရိုင်(၆)မြို့နယ်မှပါတီတာဝန်ရှိသူများတွေ့ဆုံ

လားရှိုး အောက်တိုဘာ ၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ရှမ်းပြည်နယ်မြောက်ပိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူးဦးအောင်သူသည် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊လားရှိုးမြို့နယ်၊တန့်ယန်းမြို့နယ်၊ကျောက်မဲမြို့နယ်၊သီပေါမြို့နယ်၊နမ္မတူမြို့နယ်နှင့်နောင်ချိုမြို့နယ် များမှ ပါတီဥက္ကဋ္ဌများအတွင်းရေးမှူးများနှင့် ပြည်နယ်ပါတီရုံး၌တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပေါင်းစပ်ညှိနှိုင်းရေးမှူးမှ (၁) သတ်မှတ်ပါတီဝင်အင်အား စာရင်းများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲများသို့ အချိန်မှီ မှန်မှန်ကန်ကန်တိတိကျကျ တင်ပြနိုင်ရေး (၂) ပြည့်မဏ္ဍိုင်လူထုတွေ့ဆုံမှု့လုပ်ငန်းစဉ်နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များနှင့် (Key Performance Index Check List) ပါအချက်(၁၇)ချက်မှန်မှန်ကန်ကန်ဖြည့်သွင်းနိုင်ရေး (၃) လူငယ်အင်အားအသစ်၊အမျိုးသမီးအင်အားအသစ်များ တိုးပွားရရှိအောင် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (Project Circle Management) ပါအချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။