ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်ရှိ ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီ၏ အခမဲ့ဆေးကုသမှုများကို အားပေး

 

ကံမ သြဂုတ်လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန် ဒေါက်တာချစ်ကောင်း၊ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ အောင်မင်းသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ထန်းလေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုပြီး ပတ်ဝန်းကျင်ကျေးရွာများမှ မိဘပြည်သူများကို အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။