ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်များ နည်းပြသင်တန်းဆင်းပွဲ တက်ရောက်

 

ဘားအံ မေ ၂၁

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော မဲရုံကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များ နည်းပြသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်ဒေါန ခန်းမဆောင်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက် ကြသည်။ အဆိုပါ သင်တန်းဖွင့်ပွဲကို ဗဟိုအလုပ်အမှုဆောင် (ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ) ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်သော ဦးစောထူးကပေါ်၊ ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးအောင်မြင့်သိန်း၊ ဦးမင်း ငွေထွန်းတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်(ဘားအံ)