ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၁) ရပ်ကွက်တွင် ပြည်သူများအား ဆန် ဆီများ လှူဒါန်း

 

ရန်ကုန် ဇွန် ၂၈

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့တွင် ဝင်ငွေနည်းမိသားစုများအား ဆန်နှင့် ဆီများကို ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အတွင်းနေအိမ်များသို့ သွားရောက်ပြီး ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သား နှုန်းဖြင့် ကူညီထောက်ပံ့လှူဒါန်း ခဲ့သည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာသို့ ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံးရေးရာတာဝန်ခံ ဦးဗိုလ်စော၊ အလုပ်သမားရေးရာတာဝန်ခံ ဒေါ်ယဉ်မင်းအေး၊ ပါတီကော်မတီဝင် ဦးခွန်ကျော်မြင့်လှိုင်၊ ရုံးအဖွဲ့မှ ဒေါ်အေးအေးသန်း၊ ဦးမျိုးသွင်၊ အမှတ် (၁) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးကံညွန့်နှင့် ရပ်ကွက် ပါတီကော်မတီဝင်များ လိုက်ပါပြီး တစ်အိမ်တက်ဆင်းသွားရောက်ကူညီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗိုလ်စော(ကမာရွတ်)