ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ကရင်ပြည်နယ် “ဥကရစ်ထစခန်း” တိုက်ပွဲစဉ်တလျှောက် အစအဆုံးပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲဝင်တပ်မတော်သားများနှင့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများလှူဒါန်း

ဇူလိုင် ၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ကရင်ပြည်နယ် “ဥကရစ်ထစခန်း” တိုက်ပွဲစဉ်တလျှောက် အစအဆုံးပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲဝင်တပ်မတော်သားများနှင့်  ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ စုစုပေါင်းတန်ဘိုးငွေ သိန်း(၂၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာခန်းမတွင် ကျင်းပပြု လုပ်ခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဌာနချုပ်မှူး ဦးသောင်းရွှေတို့မှ ပေးအပ်လှူဒါန်း၍ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းမှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

#USDP

#Myanmar