ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ အလုပ္သမားေရးရာတာဝန္ခံ ဗဟိုအလုပ္ အမႈေဆာင္ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္မဂၤလာဒုံခရိုင္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး

မဂၤလာဒုံ စက္တင္ဘာ ၂၉
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ အလုပ္သမားေရးရာတာဝန္ခံ ပါတီဗဟိုအလုပ္အမႈေဆာင္ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္သည္ စက္တင္ဘာလ ၂၉ ရက္ေန႔ နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး ၊ မဂၤလာဒုံ ခရိုင္ပါတီ႐ုံး၌ တိုင္းေဒသႀကီးပါတီ အတြင္းေရးမႉးဦးေအာင္ေက်ာ္မင္း ႏွင့္တိုင္းပါတီေကာ္မတီဝင္မ်ား ၊ မဂၤလာဒုံခရိုင္ပါတီဥကၠ႒ဦးမ်ိဳးမင္းနိုင္ ႏွင့္ခရိုင္ေကာ္မတီဝင္မ်ား၊ ခရိုင္အတြင္းရွိၿမိဳ႕နယ္ပါတီဥကၠ႒မ်ားႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ၊ ရပ္ကြက္/ ေက်းရြာအုပ္စု ပါတီတာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကသည္။
အစီအစဥ္မ်ားအရ ေရွးဦးစြာ ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ရာတြင္ လက္ရွိနိုင္ငံ၏ နိုင္ငံေရးအေျခအေနမ်ား၊ ေရႊးေကာက္ပြဲဆိုင္ရာအေတြ႕အၾကဳံ ျဖစ္စဥ္သမိုင္းမ်ား ၊ ပါတီမွေဆာင္ရႊက္ေနေသာနိုင္ငံေရးလုပ္ငန္းစဥ္မ်ား ၊ ပါတီ၏အလုပ္သမားေရးရာက႑အတြက္ လုပ္ေဆာင္ေနမႈ ၊ ေရွ႕ဆက္ေဆာင္ရြက္မည့္လုပ္ငန္းစဥ္မ်ား ၊ မိမိတို႔ပါတီဝင္မ်ားႏွင့္ ပါတီဝင္မိသားစုမ်ား၏ အလုပ္အကိုင္ရရွိေစေရး ၊ ဝင္ေငြမ်ားရရွိေစေရး စီမံေဆာင္ရြက္ေနမႈအေျခအေနမ်ား ၊ သက္ဆိုင္ရာပါတီအဆင့္ဆင့္မွ အလုပ္သမားေရးရာက႑ေဖာ္ေဆာင္ေနမႈအေျခေနမ်ား၊ျပည့္မ႑ိဳင္ကြင္းဆင္းေဆာင္ရြက္ရမည့္ကိစၥအေျခအေနမ်ား အား အက်ယ္တစ္ဝင့္အေသးစိတ္ေျပာၾကားခဲ့သည္။
ထို႔ေနာက္ မဂၤလာဒုံခရိုင္ပါတီဥကၠ႒ဦးမ်ိဳးမင္းနိုင္မွ ခရိုင္ပါတီ၏ဖြဲ႕စည္း လႈပ္ရွားေဆာင္ရြက္ေနမႈမ်ားအားအေသးစိတ္တင္ျပခဲ့ၿပီး ၊ ခရိုင္ပါတီ၏ အလုပ္သမားေရးရာက႑လႈပ္ရွားထားရွိမႈအေျခအေနမ်ား ၊ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ပါတီမ်ားသို႔ နယ္ေျမကြင္းဆင္းလႈပ္ရွားစည္း႐ုံးထားရွိမႈ အေျခအေနမ်ားအား တင္ျပခဲ့သည္ ။
ဆက္လက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး တိုင္းေကာ္မတီဝင္ ဦးတင္ေမာင္ဝင္း၊ လွည္းကူးခရိုင္ဥကၠဌ ဦးေအာင္မ်ိဳးနိုင္၊ အင္းစိန္ခရိုင္ဥကၠဌ ဦးမင္းသူထြန္း၊ မဂၤလာဒုံၿမိဳ႕နယ္အတြင္းေရးမႉး ဦးျမင့္ေက်ာ္၊ ေရႊျပည္သာၿမိဳ႕နယ္ ယာယီဥကၠဌ ဦးထြန္းထြန္းထြန္းဦးႏွင့္ ရပ္ကြက္/ ေက်းရြာအုပ္စု ပါတီေကာ္မတီဝင္မ်ားမွ ျပည့္မ႑ိဳင္ကြင္းဆင္း လႈပ္ရွားထိေတြ႕မႈ အေျခအေနမ်ားႏွင့္ ပကတိေျမျပင္တြင္ပါတီ၏အေျခအေနမ်ားအားအေသးစိတ္ တင္ျပခဲ့သည္။ တင္ျပခ်က္မ်ားအေပၚ ပါတီ၏ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ လုပ္ငန္းလမ္းညြန္ျခင္း ေပါင္းစပ္ညႇိႏွိုင္းျခင္း ေဆြးေႏြးအႀကံျပဳျခင္းမ်ားအား ေဆာင္ရြက္ခဲ့ၿပီး အခမ္းအနားကိုေအာင္ျမင္စြာ ႐ုပ္သိမ္းခဲ့သည္။

======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်မင်္ဂလာဒုံခရိုင်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

မင်္ဂလာဒုံ စက်တင်ဘာ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလုပ်သမားရေးရာတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်သည် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံ ခရိုင်ပါတီရုံး၌ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးအောင်ကျော်မင်း နှင့်တိုင်းပါတီကော်မတီဝင်များ ၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌဦးမျိုးမင်းနိုင် နှင့်ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အစီအစဥ်များအရ ရှေးဦးစွာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် လက်ရှိနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ ရွှေးကောက်ပွဲဆိုင်ရာအတွေ့အကြုံ ဖြစ်စဥ်သမိုင်းများ ၊ ပါတီမှဆောင်ရွှက်နေသောနိုင်ငံရေးလုပ်ငန်းစဥ်များ ၊ ပါတီ၏အလုပ်သမားရေးရာကဏ္ဍအတွက် လုပ်ဆောင်နေမှု ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ ၊ မိမိတို့ပါတီဝင်များနှင့် ပါတီဝင်မိသားစုများ၏ အလုပ်အကိုင်ရရှိစေရေး ၊ ဝင်ငွေများရရှိစေရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ၊ သက်ဆိုင်ရာပါတီအဆင့်ဆင့်မှ အလုပ်သမားရေးရာကဏ္ဍဖော်ဆောင်နေမှုအခြေနေများ၊ပြည့်မဏ္ဍိုင်ကွင်းဆင်းဆောင်ရွက်ရမည့်ကိစ္စအခြေအနေများ အား အကျယ်တစ်ဝင့်အသေးစိတ်ပြောကြားခဲ့သည်။
ထို့နောက် မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌဦးမျိုးမင်းနိုင်မှ ခရိုင်ပါတီ၏ဖွဲ့စည်း လှုပ်ရှားဆောင်ရွက်နေမှုများအားအသေးစိတ်တင်ပြခဲ့ပြီး ၊ ခရိုင်ပါတီ၏ အလုပ်သမားရေးရာကဏ္ဍလှုပ်ရှားထားရှိမှုအခြေအနေများ ၊ခရိုင်အတွင်းရှိ မြို့နယ်ပါတီများသို့ နယ်မြေကွင်းဆင်းလှုပ်ရှားစည်းရုံးထားရှိမှု အခြေအနေများအား တင်ပြခဲ့သည် ။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မတီဝင် ဦးတင်မောင်ဝင်း၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်၊ အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရေးမှူး ဦးမြင့်ကျော်၊ ရွှေပြည်သာမြို့နယ် ယာယီဥက္ကဌ ဦးထွန်းထွန်းထွန်းဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များမှ ပြည့်မဏ္ဍိုင်ကွင်းဆင်း လှုပ်ရှားထိတွေ့မှု အခြေအနေများနှင့် ပကတိမြေပြင်တွင်ပါတီ၏အခြေအနေများအားအသေးစိတ် တင်ပြခဲ့သည်။ တင်ပြချက်များအပေါ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ လုပ်ငန်းလမ်းညွန်ခြင်း ပေါင်းစပ်ညှိနှိုင်းခြင်း ဆွေးနွေးအကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။