မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းစဉ်များဆောင်ရွက်

 

မအူပင် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သည် ပါတီစည်းရုံးရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မအူပင်မြို့နယ် ထနီး ကျေးရွာအုပ်စုရှိ မြို့နယ်ကော်မတီ ဝင်ဦးစိုးလွင်နေအိမ်၌ ထနီးကျေး ရွာအုပ်စုအတွင်းရှိ ရွာခွဲခေါင်း ဆောင်များ၊ရပ်မိရပ်ဖများ၊ကျေးရွာ ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များအားတွေ့ဆုံလျက် ပါတီလုပ် ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံရာသို့ မအူပင် ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ထနီး ကျေးရွာအုပ်စုရွာခွဲ ၁၅ ရွာမှ ရွာခွဲ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ထနီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရုံးဝန်ထမ်းများတက် ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)