ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ကြို့ပင်ကောက် မေ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက သက်ရင်းကုန်းအုပ်စု ဂုံညင်း တန်းကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်ထွန်း နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကိုကျင်းပခဲ့ကြောင်း သိရသည်။ ယင်းတွင်အခမ်းအနားမှူး ဒေါ်တင့်တင့်ခိုင်က ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့် စကားနှင့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးသိန်းဆန်း၊ မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးစံလှိုင်၊ မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန္တာအောင်၊ ကြို့ပင်စခန်း အုပ်စုရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးမောင်ငြိမ်းတို့က သိကောင်းစရာများကို ပြောကြားသည်။

ဆက်လက်ကျင်းပရာ ပါတီ၏ ရပ်/ကျေး ဥက္ကဋ္ဌ ဦးဇော်လွင်ထွန်းက ကျေးဇူးတင်စကား ပြောကြားပြီး ဖဲကြိုးဖြတ်ခြင်း အခမ်းအနားအား ကျင်းပကာ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပါတီ၏ ဗဟိုကော်မတီဝင်နှင့်အတူ ဒေသခံများနှင့် စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။ စိုးတင်မြင့်(ရွှေကြို့မြေ)