ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဖားကန့်၊ ​အောက်​တိုဘာ ၂၉

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်း (၅ \၂၀၁၈) ကို အောက်တိုဘာ (၂၉) နေ့ နံနက်​ ၀၉း၀၀ နာရီအချိန်​တွင်​ လီဒိုလမ်းဒေသ၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဦးချင်းနေအိမ်တွင်ပြုခဲ့ပြီး၊ သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားကို မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းမြင့်က ပြောကြားခဲ့ကာ သင်တန်းတွင် သင်တန်းသား /သူ (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ​အောက်​တိုဘာလ (၂၉) ရက်​မှ (၃၁)ရက်​​နေ့ အထိ (၃) ရက်ဖွင့်​လှစ်​သွားမည်​ဖြစ်ကြောင်းသတင်းရရှိပါသည်။