ဝိုင်း​မော်​မြို့နယ်​ လစဉ်​ ရပ်​\​ကျေး​တွေ့ဆုံပွဲပြုလုပ်​ကျင်းပ

 

ဝိုင်း​မော်​ ​ဖေ​ဖော်​ဝါရီ ၁၃

ယမန်နေ့ (၁၃.၂.၂၀၁၉)ရက်​​နေ့ မွန်းတည့် ၁၂ နာရီတွင်​ ဝိုင်းမော်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ် ရပ်/ကျေးတွေ့ဆုံပွဲ အခမ်းအနားကို ဝိုင်း​မော်​မြို့နယ်​ ပါတီအစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ပြီး၊ အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့်​​ကော်​မတီဝင်​များ၊ ရပ်​\​ကျေး ဥက္ကဌနှင့်​​ကော်​မတီဝင်​များ စုစု​ပေါင်း အင်​အား(၄၅)ဦးတက်​​ရောက်​ခဲ့သည်။

ဆက်လက်ပြီး မြစ်​ကြီးနားခရိုင်​ပါတီ ဥက္ကဌမှ အဖွင့်​အမှာစကား​ပြောကြားခြင်း၊ ဝိုင်း​မော်​မြို့နယ်​ပါတီ ဥက္ကဌမှ ​ဆွေး​နွေးတင်​ပြခြင်း၊ ရပ်​​ကျေး​ကော်​မတီဝင်​များမှ ​ဆွေး​နွေးတင်​ပြခြင်းတို့ ပြုလုပ်​ခဲ့ပြီး ဝိုင်း​မော်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌမှ နိဂုံးချုပ်​အမှာစကား ​ပြောကြားကာ အခမ်းအနားကို ၁၃း၃၀ နာရီ အချိန်​တွင်​ ရုပ်​သိမ်းခဲ့​ကြောင်းသတင်းရရှိပါသည်​။

Usdp Kachin State