ပူတာအိုခရိုင်​\မြို့နယ်​ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးပြုလုပ်​ကျင်းပ

 

ပူတာအို ​ဖေ​ဖော်​ဝါရီ ၁၃

ယမန်နေ့ (၁၃.၂.၂၀၁၉) ရက်​​နေ့ နံနက်​ ၁၀၃၀နာရီ အချိန်​တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပူတာအိုမြို့နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမ၌ ပူတာအို ခရိုင်​\မြို့နယ်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်​ကျင်းပခဲ့သည်။

ဆက်လက်ပြီး အစည်းအ​ဝေးသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ ပြည်​နယ်​ပါတီ ဥက္ကဌ ဦးရားဝမ်​ဂျုံ၊၊ ဗဟို​ကော်​မတီဝင်​ ဦး​ယော်​ဒီ​ဒွေ့၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးအားဆီ၊ ပူတာအိုခရိုင်​ပါတီ ဥက္ကဌ ဦးချန်း​ဂျောင်​ဆားရ်​နှင့်​​ကော်​မတီဝင်​များ၊ ပူတာအိုမြို့နယ်​ပါတီ ဥက္ကဌ ဦးရားနီနှင့်​​ကော်​မတီဝင်​များ၊ ရပ်​\​ကျေး​ဥက္ကဌနှင့် ကော်​မတီဝင်​များ စုစု​ပေါင်းအင်​အား (၇၄) ဦးတက်​​ရောက်​ခဲ့သည်။

ဆြက်လက်၍ ပြည်​နယ်​ပါတီ ဥက္ကဌမှ အဖွင့်အမှာစကား​ပြောကြားခြင်း၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးအားဆီမှ ​ဆွေး​နွေးတင်​ပြခြင်း၊ ခရိုင်​ပါတီဥက္ကဌ ဦးချန်း​ဂျောင်​ဆားရ်​မှ ​ဆွေး​နွေးတင်​ပြခြင်း၊ ရပ်​\​ကျေး​ကော်​မတီဝင်​များမှ ​ဆွေး​နွေးတင်​ပြခဲ့ကြပြီး ပြည်​နယ်​ပါတီ ဥက္ကဌမှ နိဂုံးချုပ်​အမှာစကား​ပြောကြား၍ အစည်းအ​ဝေးကို ​နေ့လည်​ ၁၃း၁၀ နာရီတွင်​ ​အောင်​မြင်​စွာ ရုတ်​သိမ်းခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။

Usdp Kachin State