မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေး

တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကို (၁၀ – ၆ – ၂၀၁၆ ) နံနက် ၁၀ နာရီ တွင် စတင်ကျင်းပ ခဲ့ပါသည် ။
အခမ်းအနားကို တိုင်းပါတီကော်မတီဝင်များ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင် များနှင့် ရပ်ကွက် ကျေးရွာ များက ပါတီ ခေါင်းဆောင် ( ပ / ဒု ) များ အပါအဝင် ၁၇၀ဦး တက်ရောက်ခဲ့ပါသည် ။

အခမ်းအနားအစီအစဉ် ၁၃ ရပ်ဖြင့် ကျင်းပခဲ့ပါသည် ။
သဘာပတိက အမှာစကား ပြောကြားခြင်း ၊ စာတမ်းဖတ်ကြားခြင်း ၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီ က လုပ်ထုံးလုပ်နည်း များဖတ်ကြားခြင်း ၊ မြို့နယ် ကော်မတီ ဝင်ဟောင်းများက နှုတ်ထွက်ခြင်း နှင့် ဆန္ဒ မဲများ စနှစ်တကျ ပေးခြင်းကို ပထမ ပိုင်းတွင် ဆောင်ရွက် ခဲ့ပါသည် ။
ပထမပိုင်း အစီအစဉ်ပြီး နောက် ဒုတိယ ပိုင်းတွင် မဲပြားများအား စစ်ဆေးပြီး ပယ်မဲ များရွေးချယ်ခြင်း ၊ အတည်ပြုမဲ များကို ခရိုင်ကော်မရှင်က စနှစ်တကျ ရေတွက်ခြင်းနှင့် မဲတာလီများကို မှတ်သားခြင်းများ ပြုလုပ်ကာ ………
မဲ အရေအတွက် အနည်း အများ စဉ်ကာ အသစ်ဖွဲ့စည်းလိုက်သော မြို့နယ်ကော်မတီများအား ကြေညာပေးပြီး သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာ ခံယူကာ ……အခမ်းအနားကို ကြွေးကြော်သံများဖြင့် ညနေ ၂နာရီခွဲ တွင် ပြီးဆုံးသွားပါသည် ။

အခမ်းအနားပြီး နောက် တောင်ငူမြို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် သွေးသစ် သွေးဟောင်း များ စုပေါင်းကာ ဓာတ်ပုံရိုက်ကြပါသည်။

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ကို ပြည်သူအများ ထောက်ခံသော ပါတီ ဖြစ်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရန် တိုက်တွန်းရင်း ဂုဏ်ပြု ရေးသားလိုက်ပါသည် ။

Specialmankto Specialmankto


Leave a Reply