ေရေဘးသင့္ျပည္သူမ်ားအား ကူညီေထာက္ပံ့

ဟသၤာတ စက္တင္ဘာ ၆
ဧရာဝတီျမစ္ေရတိုက္စားမႈေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕နယ္ အိပ္ပ်က္ေက်းရြာအုပ္စုတြင္ စက္တင္ဘာ ၃ရက္ နံနက္ က ျမစ္ေရ ပန္းတာ က်ိဳးေပါက္မႈ ျဖစ္ပြားခဲ့သည္။
ယေန႔ စက္တင္ဘာ ၆ရက္ေန႔တြင္ အိပ္ပ်က္ေက်းရြာအုပ္စုရွိ ေဖာင္ဆိပ္၊ငွက္ေပ်ာေတာ၊တာငုတ္၊အုန္းေတာ ေက်းရြာမ်ားရွိ ေရေဘးေရွာင္အိမ္ေထာင္စု( ၃၀၀ ) အား တစ္အိမ္ေထာင္လၽွင္ ဆန္ (၄ )ျပည္ႏူန္းျဖင့္ သီရိပ်ံခ်ီ ဦးေဌးဦး မိသားစုမ်ားမွ ဆန္အိတ္( ၅၀ ) ၊ ဧရာဝတီတိုင္းေဒသႀကီး ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရး ပါတီမွတစ္အိမ္ေထာင္လၽွင္ ဆန္ (၁ )ျပည္ ႏူန္းျဖင့္ ဆန္အိတ္ ( ၁၃ ) အိတ္ ေခါက္ဆြဲေျခာက္ တစ္ထုပ္ႏွင့္ ပင့္သံဃာ ၅ပါး သီတင္းသုံးေသာ ဘုန္းႀကီးေက်ာင္းအတြက္ ေပၚဆန္းဆန္ (၁) အိတ္တိုကို တိုင္းပါတီ ကိုယ္စား တိုင္းပါတီေကာ္မတီဝင္ ဦးေက်ာ္ဝင္းနိုင္၊ ခရိုင္ပါတီဥကၠ႒ ေဒါက္တာေဌးဝင္း၊ ခရိုင္အတြင္းေရးမႈးႏွင့္ ေကာ္မတီဝင္မ်ား မွ အလႉရွင္မ်ားကိုယ္စား ေပးအပ္လႉဒါန္းခဲ့ပါသည္။

=============================

ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့

ဟင်္သာတ စက်တင်ဘာ ၆
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုတွင် စက်တင်ဘာ ၃ရက် နံနက် က မြစ်ရေ ပန်းတာ ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။
ယနေ့ စက်တင်ဘာ ၆ရက်နေ့တွင် အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ငှက်ပျောတော၊တာငုတ်၊အုန်းတော ကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စု( ၃၀၀ ) အား တစ်အိမ်ထောင်လျှင် ဆန် (၄ )ပြည်နူန်းဖြင့် သီရိပျံချီ ဦးဌေးဦး မိသားစုများမှ ဆန်အိတ်( ၅၀ ) ၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီမှတစ်အိမ်ထောင်လျှင် ဆန် (၁ )ပြည် နူန်းဖြင့် ဆန်အိတ် ( ၁၃ ) အိတ် ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် ပင့်သံဃာ ၅ပါး သီတင်းသုံးသော ဘုန်းကြီးကျောင်းအတွက် ပေါ်ဆန်းဆန် (၁) အိတ်တိုကို တိုင်းပါတီ ကိုယ်စား တိုင်းပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဌေးဝင်း၊ ခရိုင်အတွင်းရေးမှုးနှင့် ကော်မတီဝင်များ မှ အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းခဲ့ပါသည်။