ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး VOA သတင်းဌာနနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်

 

ဒီကနေ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ နိုင်ငံခြားသားပုဂ္ဂိုလ်တွေ ရုံးတွေမှာ ခပ်တည်တည်နဲ့ ဝင်ထိုင်နေတာမျိုး… အစည်းအဝေးမှာ ထိပ်ကနေပြီး Briefing လုပ်နေတာမျိုး။

အဲဒီတုန်းက ဖဒိုကြီးတစ်ယောက်တောင် ဝင်မေးသွားတယ်။ ဆိုလိုတာကတော့ Sector အလိုက်တွေမှာ .. ဒါပေမယ့် ဘယ်လောက်ထိအောင် ပြင်းပြင်းထန်ထန်ပြောဆိုမှ အတိုက်အခံပီသတယ်လို့ သတ်မှတ်မှာလဲ?

ကျွန်တော်တို့အပိုင်းမှာ ပြောသင့်တာအားလုံးကို ပြောပါတယ်။ ကျွန်တော် ပါတီဥက္ကဋ္ဌအနေနဲ့လည်း အင်တာဗျူးတွေ မနည်းတော့ပါဘူး။ ပေးချင်တဲ့ Message တွေ၊ ကျွန်တော်တို့ အစည်းအဝေးတွေ၊ အဲဒီကနေ ကောက်နှုတ်ချက်ဆိုပြီး ရှိပါတယ်။ တချို့ကျတော့လည်း စိတ်ဝင်စားတဲ့သူ Aware ဖြစ်တာပဲ။ စိတ်မဝင်စားတော့လည်း ကျွန်တော်တို့ မလုပ်ဘူးထင်တာပေါ့.. ဒီလိုမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။

သေချာတာကတော့ မီဒီယာ အားနည်းတယ်။ ကျွန်တော်တို့ပြောမယ့်အကြောင်းအရာတွေကို ထပ်ဆင့်ဖြန့်ဖြူးမယ့်သူ နည်းပါတယ်။ ဒါဟာ ပကတိ အရှိတရားပါ။ ပကတိ ရင်ဆိုင်နေရတာပါ။ အဲဒီတော့ မပြောဘူးမဟုတ်ဘူး၊ ပြောတယ်၊ ထောက်ပြတယ်၊ အဲဒီအပေါ်မှာ အစိုးရက အချို့ဟာတွေကိုနည်းယူပြီး လိုက်အကောင်အထည်ဖော်တာတွေရှိတယ်။ မဖော်တာတွေလည်း ရှိရင်ရှိမယ်။ ဒါကတော့ သူ့သဘောပေါ့။ ပြောချင်တာကတော့ ကျွန်တော်တို့မှာ Resource Person တွေ အများကြီးရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းတိုင်ပင်ပြီး လုပ်သင့်တာတွေလုပ်တယ်။ ဒီအတွက်လည်း ဒီပုဂ္ဂိုလ်တွေရဲ့အင်အား၊ ဒီအခြေအနေအမှန်တွေသိတဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့ ကျွန်တော်တို့ တစ်ခေတ် ပြန်ရောက်ပါလိမ့်မယ်။