ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း သမ္မတတည်ခင်းသည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတက်ရောက်

 

ဖေဖော်ဝါရီလ (၁၂) ရက်တွင် ကျရောက်ခဲ့သည့် နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတမှ တည်ခင်းဧည့်ခံသည့် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက်ခဲ့သည်။

ညစာတည်ခင်းဧည့်ခံပွဲသို့ နိုင်ငံတော်ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေ၊ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ဒုတိယဥက္ကဋ္ဌတို့အပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာကော်မတီများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ တိုင်းရင်း သားရေးရာဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ စုံလင်စွာ တက်ရောက်ခဲ့သည်။

ကိုကိုလွင်