ရုရှားနှင့် အင်္ဂလန်ပရိသတ်များ ခိုက်ရန်ဖြစ်ပွား၊ အင်္ဂလန်ပရိသတ်တစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

Football Soccer - England v Russia - EURO 2016 - Group B - Stade Vélodrome, Marseille, France - 11/6/16 England fans try to escape trouble in the stadium at full time REUTERS/Eddie Keogh Livepic

ဘောလုံးအားကစားအတွက် ရှက်ဖွယ်လိလိဖြစ်စေခဲ့သော ဖြစ်ရပ်၌ ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် ရုရှားနှင့် အင်္ဂလန် ဘောလုံး ပရိသတ်များ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး အင်္ဂလန်ပရိသတ် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်။

အင်္ဂလန်နှင့် ရုရှားပွဲ မတိုင်မီ နှစ်ဖက်ပရိသတ်ကြား အကြိမ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် ပြင်သစ် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု ဖြိုခွင်းခဲ့သည်။ အင်္ဂလန်ပရိသတ်တစ်ဦး သည် စိုးရိမ်ရသော အခြေအနေရှိသည်ဟု ဒေသခံရဲအရာရှိ လော ရင့်နူနက်စ်က ပြောသည်။

၎င်းသည် ဦးခေါင်းအနီးတစ်ဝိုက်ကို သံပိုက်ဖြင့် အရိုက်ခံရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောကြားသည်။

တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော ဘောလုံးပွဲ အပြီးတွင်လည်း ဂိုးနောက်ရှိ ရုရှားပရိသတ်များက အင်္ဂလန် ပရိသတ်များ ရှိရာဘက်သို့ ၀င်ရောက်သွားကြပြီး စောင့်ကြပ်သူများကို ဖြတ်ကျော်ကာ တိုက်ခိုက်ခဲ့ကြသည်။

အင်္ဂလန်ပရိသတ်များသည် ထွက်ပေါက်များဆီသို့ ထွက်ပြေးခဲ့ကြရသည်။ ဘောလုံးကွင်းအတွင်း အဖြစ်အပျက်များ အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်နိုင်သဖြင့် ရုရှားသည် အင်္ဂလန်ထက် ပိုမိုကြီး လေးသော ပြစ်ဒဏ်များ ချမှတ်ခံရဖွယ်ရှိသည်။

ယူရို ၂၀၁၂ ပြိုင်ပွဲတွင်လည်း ရုရှားပရိသတ်များက ပြဿနာ ဖန်တီးခဲ့သဖြင့် ယူအီးအက်ဖ်အေ က ရုရှား ဘောလုံးအဖွဲ့ချုပ်အား ဒဏ်ငွေချမှတ်ခြင်း အပါအ၀င် ပိတ်ပင်တားဆီးမှု အများအပြား ဖြင့် အရေးယူခဲ့သည်။

ယမန်နေ့က ပြဿနာများအတွင်း လူခြောက်ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်က ခုနစ်ဦး ဖမ်းဆီးခံ ခဲ့ရသည်။

—Ref: BBC/AFP


Leave a Reply