ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီ ရွှေမြန်မာလူငယ်ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာ သင်တန်းဆင်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွှေမြန်မာ လူငယ် ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက် မွန်းလွဲပိုင်းက ဒေါင့်ကြီးတိုက်နယ် တောင်ပို့တရားဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီအတွင်းအရေးမှူး ဦးချိုမြင့်ခိုင်၊ သင်တန်းနည်းပြဆရာ ဦးနိုင်လင်း တို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်ဖြင့် နယ်လှည့်သင်တန်း (၁၁)ကြိမ်မြောက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဇလွန် မြို့နယ်အတွင်း ကွန်ပျူတာ သင်တန်းသား သင်တန်းသူ (၅၅ဝ) ကျော် သင်တန်းပေးနိုင်ခဲ့ပြီး ဖြစ်၍ ဆက်လက်ပြီး ကျန်တိုက်နယ်များသို့ သင်တန်းဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း အသီးသီးအမှာစကားပြောကြားခဲ့သည်။

ယင်းသင်တန်းကာလမှာ နှစ်လကြာမြင့်ပြီး တစ်နေ့လျှင် ငါးနာရီကြာ သင်တန်းပို့ချပေးခဲ့ ကြောင်း သိရ သည်။

ငွေသန်း(ဇလွန်)


Leave a Reply