ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးက ပါဝင်လောင်းလှူ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်လုံးကျွတ် (၇၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို အောက်တိုဘာ (၁၇) ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်စုများ၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း အသီးသီးတို့က မဏ္ဍပ်များထိုးကာ လှူဒါန်းမှုအစုစု တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

kyo-pin-kyauk

(more…)


ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ်သင်တန်းသားသင်တန်းသူများအား အာဟာရဒါန လှူဒါန်း တွေ့ဆုံပွဲ ကျင်းပ

pyi

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်း ဒေသကြီး ကော်မတီဝင် ဦးမျိုးအောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီဝင်များသည် ပြည်မြို့နယ် ဇီးအုပ်အုပ်စု ရွှေမြှောင်ကျေးရွာ ရွာဦးကျောင်းဆရာတော်အား ဝါကျွတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ရွာကျောင်း၌သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူ ၁၁၅ ဦးတို့အား ပလာတာဖြင့် အာဟာရဒါနလှူဒါန်းခြင်း ပြုလုပ်ပြီးနောက် အောက်တိုဘာ (၁၅) ရက် နံနက် ၇ နာရီမှ ၁၁ နာရီထိ ရွှေမြှောင် ကျေးရွာပါတီ၏အမာခံကေဒါများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်မတည်ငြိမ်မှုများ ပေါ်ပေါက်နေခြင်းအပေါ် တည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာရေး အတွက် တာဝန်ယူကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှုအတွက် အတွေ့အကြုံရှိသည့် အားလျော်စွာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ မနက်ပိုင်းက ပြောသည်။

14681716_442118842629915_5534935110395038199_n

(more…)


ပြည်ခရိုင်ပါတီရုံးတွင် တောင်သူလယ်သမားရေးရာဆွေးနွေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခုလ ၉ ရက် ည (၇) နာရီက ပါတီ ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ တောင်သူလယ်သမား ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

pyi

(more…)


ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များဦးစီး၍ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များအား စက်တင်ဘာ (၁၉) ရက် ညနေ ၅ နာရီမှ ည ၈ နာရီထိ မြို့နယ်ပါတီရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ပါတီရုံးဝင်း အတွင်း၌ပါတီဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် အရှင်သူမြတ် (၁၇၉) ပါးအား အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

ဇီးကုန်းမြို့နယ်တွင် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် တာဝန်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမဆောင်တွင် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ၊ လစဉ်ပါတီပုံမှန်အစည်းအဝေး နှင့် ပါတီဝင်များကို တာဝန် ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ပဲခူးခရိုင်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲ ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း တက်ရောက် အမှာစကားပြောကြား

ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပဲခူးခရိုင် အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၀) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ယင်းအခမ်းအနားသို့ ပါတီဗဟိုအကြံပေး ပဲခူးတိုင်းဒေသကြီး ပါတီနာယက ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းဒေသကြီး ကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ကြသည်။

ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးပါတီ ဗဟိုဦးဆောင်နာယက ခရိုင်/မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်ရှိ ပြည်ခိုင်ဖြိုးခရိုင်ရုံး ရွှေသီဟခန်းမ၌ စက်တင်ဘာ (၆) ရက် န့နံနက် ၁ဝ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်းခရိုင်အတွင်းရှိ မြို့နယ်ပါတီ များ၏ အစည်းအဝေးပွဲကိုကျင်းပခဲ့၏။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ပါတီ ဗဟိုဦးဆောင်နာယက အတိုင်ပင်ခံ ဦးဥာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာစကားပြောကြားကာ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများက မိတ်ဆက်ခြင်း နှင့်မြို့နယ်များအတွင်းမိမိတို့ပါတီ ဆောင်ရွက်နေမှုများကို တင်ပြကြသည်။