ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး အမာခံကေဒါများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမအတွင်း ဇွန်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင် တို့သည် ရပ်/ကျေး (၅၉) အုပ်စုမှ အမာခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁ဝဝ) နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply