ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်များတွင် ပါတီလုပ်ငန်းများစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေးနှင့် ခရိုင်ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီစည်းရုံးရေးရာနှင့် စီမံစီးပွားရေးရာအလိုက် လုပ်ငန်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇီးကုန်းတွင် ပါတီဝင်အင်းအားစိစစ် ပါတီဝင်ကြေး ပါတီရေးရာလုပ်ငန်း စဉ်များ ဆွေးနွေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပုံမှန်လစဉ်အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့သည်။

(more…)


ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတွေ့ဆုံစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဇွန်လ (၇) ရက် နံနက် (၁၀) နာရီတွင် ကျင်းပသော လူငယ်ရေးရာ တွေ့ဆုံပွဲတွင် ရေးရာတာဝန်ခံနှင့် ရပ်ကွက်ကျေးရွာ လူငယ်ခေါင်းဆောင်များ မြို့နယ် ပါတီရုံး၌ တွေ့ဆုံစည်းဝေးရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်း အမှာစကားပြောကြားခဲ့သည်။

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၏ ပဲခူးတိုင်း(အရှေ့ ပိုင်း) ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များမှ ကောက်နှုတ်ချက်

 

၁။ မိမိတို့ပါတီ၏ အမျိုးသားရေး မူဝါဒအဖြစ် ခံယူထားသော အရေးသုံးပါးကို အစဉ် တစိုက်စောင့်ရှောက်ကာကွယ်

၂။ အရေးသုံးပါးကို အထူးဂရုစိုက် ကာကွယ်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်

၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရရှိရန်အတွက် နူတ်ပြောဖြင့်မရနိုင် မည်သူ တာဝန်ယူသည်ဖြစ်စေ အစိုးရဖြစ်လာလျှင် နိုင်ငံသားများ ရရှိခံစားရမည့် အခွင့်အရေးများကို တောင်ပေါ်မြေပြန့်.ပြည်နယ် ပြည်မ. မခွဲခြားဘဲ ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိ

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ တွင် တိုင်းပါတီ ဥက္ကဋ္ဌ မြို့နယ် ရပ်/ကျေးပါတီဝင် မျာနှင့်တွေ့ဆုံ ဆွေးနွေးမှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ( 2-6-2017) ရက်နေ့တွင် တောင်ငူခရိုင် တောင်ငူမြို့ ပြည်ခိုင်ဖြိုးပါတီရုံး တွင် ပြုလုပ်ခဲ့ရာ ရေတာရှည်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း၊ အတွင်းရေးမှူး ဦးစိုးသီဟ ၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဥက္ကဋ္ဌ ၊ အတွင်း ရေးမှူး ၊ ဘဏ္ဍာရေးမှူး ၊ နယ်မြေတာဝန်ခံ၊ ကဏ္ဍတာဝန်ခံများက အသီးသီးတင်ပြ ဆွေးနွေး ခဲ့ကြပါသည်။

ပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်းသည် မေလ (၃၀) ရက် နံနက် ၉ နာရီက ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ကော် မတီဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပဲခူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် မြို့နယ်ရှစ်မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများက မိမိတို့နယ်မြေအလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြည်ခရိုင်အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)ပြည် ခရိုင်အတွင်းရှိ ပါတီဝင်များ နှင့်တွေ့ဆုံပွဲအား ယနေ့နံနက် ၁ဝ နာရီက ပဲခူးတိုင်းဒေသ ကြီး(အနောက်ပိုင်း)ပါတီရုံး၌ ကျင်းပခဲ့သည်။

(more…)


၂၁ . ၅ . ၂၀၁၇ ရက်​​နေ့တွင်​ ပဲခူးတိုင်း​ဒေသကြီး(အ​နောက်​ပိုင်း) ပြည်​​ထောင်​စုကြံ့ခိုင်​​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ ​တွေ့ဆုံပွဲ အခမ်းအနားအား ပါတီဌာနချုပ်​ မှ အမျိုးသမီး​ရေးရာတာဝန်​ခံ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ တို့တက်​​ရောက်​​ဆွေး​နွေးခဲ့ကြပြီး ၄င်းအခမ်းအနားသို့ ပဲခူးတိုင်း​ဒေသကြီး ဒုတိယဥက္ကဌ ဦး​အောင်​ချိုဦး နှင့်​ တိုင်းပါတီ​ကော်​မတီဝင်​များ ၊ ခရိုင်​ ၊ မြို့နယ်​များမှ အမျိုးသမီး​ရေးရာတာဝန်​ခံများ ၊ ​ကောမတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။ #Duwon


နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

(more…)