ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

အောက်တိုဘာ ၁၂၊ ပန်းတောင်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြို့နယ်ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံများ၊ လမ်းညွှန်မှာကြားချက်များနှင့် ​ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးလှမင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်နှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။