ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဇူလိုင် ၂၆၊ ပြည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ပြည်မြို့နယ်ရှိ တိုင်းဒေသကြီပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ အမှာစကားပြောကြားခဲ့ပြီး ​ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့တက်​ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ တင်ပြစရာရှိသည့် အချက်အလက် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပါသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် ကော်မတီဝင်များ၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်တို့မှ ပါတီဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးများ၊ မြို့နယ် (၁၄)မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ပြီး နေ့လည် (၁၂၀၀)နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။