ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့် ဆီများရောင်းချပေး

 

ရန်ကုန် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တာဝန်ရှိသူများသည် ဒဂုံ တောင်မြို့နယ်နေပြည်သူများ စား ဝတ်နေရေးသက်သာချောင်ချိစေ ရန်ရည်ရွယ်၍ ယမန်နေ့ နံနက်မှစတင် ကာ ဆန်နှင့်ဆီများကို ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်နှင့်ဆီများ ရောင်းချရာ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးကလည်း”ယနေ့အစိုးရ လက်ထက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြောင့် ပြည်သူများအခက်အခဲများ ကြုံ တွေ့ခံစားနေရတဲ့အတွက် တစ်ဖက်တစ် လမ်းမှကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ် ၍ အခြေခံစားသောက်ကုန်ဖြစ်သော ဆန် နှင့်ဆီတို့အားဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ ပေးခြင်းဖြစ်ပါတယ်”ဟု ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာရောင်းချခြင်း၏ရည်ရွယ် ချက်ကိုပြောကြားခဲ့သည်။ ဆက်လက်၍ လည်း ဆန်တစ်ပြည်ကို ကျပ် ၁ဝဝဝ နှင့် ကျပ် ၁၄ဝဝ နှုန်းထားသတ်မှတ်ကာ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အခြေခံ လူတန်းစားများ များပြားသောရပ်ကွက် များသို့ တစ်ရက်ခြားစီသွားရောက်ကာ ဈေးနှုန်းချိုသာစွာရောင်းချပေးနိုင်ရန်စီစဉ် ထားကြောင်းလည်း ပြောကြားခဲ့သည်။

ထိုသို့ဆန်နှင့်ဆီများရောင်းချရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အတူ မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင် များ၊ ပါတီဝင်လူငယ်ထုများလည်းဝိုင်းဝန်း ၍ ကူညီရောင်းချပေးခဲ့ကြောင်းသိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)