ရှမ်းပြည်နယ်(တောင်းပိုင်း)ပြည်နယ်ပါတီဥက္ကဋ္ဌ First -time voters လူငယ်များနှင့်တွေ့ဆုံ

၂၅.၁၂.၂၀၂၂ရက်​နေ့နံနက်(၁၀း၃၀)ချိန် လွိုင်လင်ခရိုင်ခန်းမတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီဥက္ကဌ ဦးစိုင်းလုံ​ကျော်သည် ပြည်နယ်ပါတီ ကော်မတီဝင်များနှင့်အတူလွိုင်လင်မြို့နယ်ရှိ First -time voters လူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဥက္ကဌဦးစိုင်းလုံကျော်က ယ​နေ့လူငယ်များ၏ အရေးပါမှု လက်ရှိနိုင်ငံ​ရေးအ​ခြေအ​နေ၊​မဲတစ်မဲ၏တန်ဖိုးရှိမူ၊ရွှေး​ကောက်ပွဲအ​ကြောင်း ဆွေးနွေးခဲ့ပါသည်။ လူငယ်များ၏ဆွေးနွေးချက်တွင်အလုပ်အကိုင်ရှားပါးမှု၊ကုန်စျေးနှုန်းများကြီးမြင့်မှုများကြောင့်မိသားစုများစားဝတ်​နေ​ရေးခက်ခဲကြောင်း၊ ပညာသင်အရွယ်တွင်ကျောင်းထွက်၍ မိဘများနှင့်အတူကျဘမ်း အလုပ်များ လုပ်ကိုင်နေရကြောင်း၊မိမိ​ဒေသအတွက်လမ်းနှင့်ရေအခက်အခဲရှိပါကြောင်း၊ သက်မွေးပညာကိုလည်း သင်တန်း ဖွင့်ပေးစေလိုကြောင်း(စက်ချုပ် သင်တန်း)အားကစားပွဲများကို ကျင်းပပေးစေလိုကြောင်းနှင့် လာမည့်​ရွှေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်မူရှိနိုင်မည့်အ​ခြေအ​နေများကို​မေးမြန်းဆွေး​နွေးခဲ့ကြရာ ပြည်နယ်ဥက္ကဌနှင့်​ကော်မတီဝင််များကလူငယ်များ၏ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး  ခဲ့ပါသည်။