ပြည်ခိုင်ဖြိုးပါတီမှဦးစီးကျင်းပပေးမည့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖြစ်မြောက်ရေးဆွေးနွေး

(၂၅.၁၂.၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၃၀) နာရီ တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ လူငယ် ရေးရာ တာဝန်ခံ ဒေါ်အိအိအောင်တို့မှ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပသော ၇၅နှစ်​ေမြာက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲကျင်းပပြုလုပ်နိူင်ရေးအတွက် အကြိုညှိနိူင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်း အားကစားသမားဟောင်းများ ၊ ဝါသနာရှင် လူငယ်များ တက်ရောက် ခဲ့ကြပြီး ပြိုင် ပွဲကျင်းပ ပြုလုပ်နိုင်ရေးအတွက် ညှိနိူင်းဆွေးနွေးခဲ့ကြပါသည်။