ပြည်နယ်ဥက္ကဋ္ဌနှင့်နမ့်စန်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးများနှင့် တွေ့ဆုံဆွေးနွေး

(၂၅.၁၂.၂၀၂၂)ရပ်​နေ့ (၁၄း၀၀)နာရီချိန် နမ်စန်ခရိုင် နမ်စန်မြို့နယ်ပါတီရုံးတွင်ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်ပြည်နယ် ပါတီကော်မတီဝင်များ ဖြစ်ကြ​သော ​ဒေါ်နန်း​ဝါဝါ​ထွေး(ဘဏ္ဍ) ၊ဦးစိုင်းစံဝင်း(စည်းကမ်း)​၊ဒေါ်ခင်​ထွေး​အောင်(စည်းရုံး)  ဦးစောထွန်းခိုင်(လူငယ်)တို့နှင့် အတူနမ့်စန်ခရိုင် ပါတီဥက္ကဌ ဦး​ဌေးလွင်နှင့်​ကော်မတီဝင်များ၊ ကွန်ဟိန်းပါတီဥက္ကဌ ဦးစိုင်းနုနှင့်​ကော်မတီဝင်များ၊ မိုးနဲပါတီ ဥက္ကဌ ဦးဝင်း​ဇော်မိုးနှင့်​ကော်မတီဝင်များ၊နမ်စန်ပါတီဥက္ကဌ ဦးစိုင်းဝင်းထွန်း၊မြို့နယ်​ကော်မတီဝင်များနှင့် ရပ်ကွက်​ကျေးရွာပါတီဥက္ကဌများနှင့်တွေ့ဆုံခဲ့ပါသည်၊ ရှေ့ဦးစွာပြည်နယ်ပါတီဥက္ကဌက ရက်၉၀ စီမံချက် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်တွေ့ကြုံရသည့် နယ်မြေအခြေအနေများတင်ပြကြရန်ဆွေးနွေးခဲ့ပါသည်။ မြို့နယ်များမှလည်းဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်ဆွေးနွေးတင်ပြကြပါသည်။