ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးခရိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများတွေ့ဆုံ ညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီ (၂၈) ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းနှင့် ဦးတင်ဝင်း၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်များ၊ အနောက် ဘက်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ စီးပွားရေးအခြေ အနေများ၊ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲများ၊ နိုင်ငံတော်၏ လုံခြုံရေးအခြေအနေ ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်ရှိဖြစ်ပေါ်နေသော YBS ကားများနှင့်ပတ်သက်၍ ခရီးသွားပြည်သူများ၏ အခက် အခဲများကိုမျက်ခြည်မပြတ်လေ့လာ သုံးသပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ကို ထောက်ပြဝေဖန်နိုင်ဖို့လိုအပ်ကြောင်း၊ ယခု၂ဝ၁၇ ကြား ဖြတ်ရွေးကောက်ပွဲမှစ၍ ၂ဝ၂ဝ ရွေးကောက်ပွဲအထိ အောင်မြင်မှု ရရှိစေနိုင်ရန်အတွက် ယခုကတည်းက ရည်မှန်းချက် လုပ်ငန်းစဉ်များ စနစ်တကျချမှတ်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြာပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းနှင့် ဦးတင်လှိုင် တို့က ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ လူငယ်ကိစ္စများနှင့် အထွေထွေ ကိစ္စရပ်များကိုဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများက ပြန်လည် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထိန်ဝင်း (YGN)