မူလတန်းလွန်ကျောင်းအတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လှူဒါန်း

 

ဗန်းမော် သြဂုတ် ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျောင်းသားကျောင်းသူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ မူလတန်းလွန် ကျောင်းအတွက် ကျောင်းဖွင့်ချိန်၌ လိုအပ်မည့် COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်ဆေးဘေစင်သုံးခု၊ ခြေနင်းအမှိုက်ပုံး ငါးပုံး၊ PPE ဝတ်စုံတစ်စုံ၊ လက်ဆေးဆပ်ပြာ ဆယ်တောင့်၊ လက်ဆေး သန့်စင်ရည်တစ်ဘူးနှင့် နှာခေါင်းစည်း ၅ဝ တို့အား ယမန်နေ့နံနက် ၁၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါပစ္စည်းများအား နယ်မြေတာဝန်ခံ ဦးထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ကျော်အောင် (မီဒီယာနှင့်ပြည်သူ့ ဆက်ဆံရေး) တို့က ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က လက်ခံရယူ ခဲ့ကြောင်း သိရသည်။

မိုးသို့ဟိန်း