တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည် ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်သင်္ဂီအောင်၊ဦးသန်းထွန်း၊ဦးအောင်နိုင်ဦး၊ဦးကျော်စန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့် ကော်မတီဝင်များ၊ရပ်ကွက်ကျေးရွာပခေါင်းဆောင်၊         ဒုခေါင်းဆောင် နှင့် ကော်မတီဝင်များအင်အား ၁၄၈ ဦးတက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကော်မတီဝင် သဘာပတိဦးသန်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင် တိုင်းဒေသကြီး ခရိုင်ပါတီနယ်မြေ တာဝန်ခံဒေါ်သင်္ဂီအောင်က ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ပြောကြား သည်။ဆက်လက်၍ မြို့ နယ်ကော်မတီဝင်များအစုအဖွဲ့၊ ရပ်ကွက်ကျေးရွာကော်မတီဝင်များ အစုအဖွဲ့နှင့် ကိုယ်စားလှယ်ဟောင်းများအစုအဖွဲ့မှ လစ်လပ်လျက်ရှိသည့် မြို့နယ်ပါတီ ကော်မတီဝင် အသစ်အမည်စာရင်းများကို အဆို ပြုတင်သွင်း၍ မြို့နယ်ပြန်လည်ပြင်ဆင်ရွေး ချယ်ရေးကော်မတီမှ ဖွဲ့စည်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်များနှင့်အညီ လစ်လပ် လျက်ရှိသည့် မြို့နယ်ကော်မတီ ဝင်နှင့်အရန်ကော်မတီဝင်စာရင်းနှင့် အရွေးချယ်ခံ ဒေါ်မြ သဇင်အား မြို့နယ် ပါတီကော်မတီဝင်အဖြစ်ရွေးချယ်၍ အရွေးချယ်ခံဒေါ်မြသဇင်က သဘာ ပတိရှေ့မှောက်တွင် ကတိသစ္စာခံယူပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသိရသည်။

သီဟထွန်း(နဝရတ်မြေ)