တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နွေရာသီသိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီခွဲကကျင်းပရာ အခမ်းအနား သို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်၊ အတွင်း ရေးမှူးဦးတင်ဝင်းထွန်း၊ ဘဏ္ဍာ ရေးမှူး ဦးမင်းနိုင်၊ ဦးမြသောင်း မြို့နယ်ကော်မတီဝင်များ၊ရပ်/စည်း အမှုဆောင်များနှင့်သင်တန်းသား ၂၅ ဦးတက်ရောက်ကြပြီး သင် တန်းဆရာအဖြစ် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်နာယက ဆရာကြီး ဦးထွန်းခင်က ကြီးကြပ်သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်က အမှာ စကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

နန်းဆင့်(တွံတေး)