ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် တွေ့ဆုံပွဲပြုလုပ်

ရန်ကုန် ဇူလိုင် ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် တွေ့ဆုံပွဲကို့ ယနေ့နံနက် ၁၀ နာရီအချိန်က သံလွင်လမ်းရှိ ပါတီဌာနချုပ်ရန်ကုန်ရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြသည်

အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ခရိုင်ဥက္ကဌများနှင့် မြို့နယ်ဥက္ကဌများက မိမိတို့မြို့ရွာများ၏ ပါတီဝင်စီစစ်ပြီးအခြေအနေနှင့် လှုပ်ရှားဆောင်ရွက်မှုများ ဒေသတွင်းလိုအပ်ချက်များအား မြို့နယ်အလိုက် တင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့သည်။ ၄င်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ ခရိုင်ဥက္ကဌများ မြို့နယ်ဥက္ကဌများနှင့် အတွင်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။