ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇူလိုင် ၁၇၊  ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့ အစည်းအဝေးကို ၁၇-၇-၂၀၂၂ ရက်နေ့တွင် တိုင်းပါတီရုံး၌ ကျင်းပရာ တိုင်းပါတီ အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ပြည်ခရိုင် ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း တို့တက်ရောက်ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။