ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်ဆပ်ကပ် လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်း

အောက်တိုဘာ ၁၂၊ ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ​မှော်ဇာအုပ်စု၊ တောင်လုံးညိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၁-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်၌ ငွေပဒေသာပင် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ငွေပဒေသာပင်ဆပ်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။