ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ပဲခူး

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ခရိုင် မြို့နယ်ပါတီကော်မတီဝင် များ၏ ပါတီလုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲအား  ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းပါတီရုံးချုပ်အစည်းအဝေး ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဖိတ်ကြားထားသော တိုင်းပါတီဥက္ကဌနှင့်တိုင်းကော်မတီဝင်များ ပဲခူးခရိုင်ဥက္ကဌနှင့် ခရိုင် ကော်မတီဝင်များ ညောင်လေးပင်ခရိုင်ဥက္ကဌနှင့်ခရိုင်ကော်မတီဝင်များ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဌများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌမှ ပါတီ၏ပကတိအခြေနေနှင့် ပါတီဗဟိုမှ လမ်းညွန်ချက်များ လုပ်ဆောင်နေသောလုပ်ငန်းကိစ္စရပ်များ မြို့နယ်ပါတီ၏ စုဖွဲ့မှုအခြေနေများ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များရှိ ပါတီစုဖွဲ့ထားရမည့် အခြေနေနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းကိစ္စရပ်များအား လမ်းညွန်မှာကြား အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းအတွင်းရေးမှူးမှ တိုင်းပါတီ၏ လုပ်ငန်း ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဘဏ္ဏာရေးမှူးမှ ငွေစရင်းရှင်းတမ်းအား ရှင်းလင်း ဖတ်ကြားခဲ့ ပြီးနောက် ရေးရာအလိုက်ကော်မတီတာဝန်ခံများမ ှရေးရာအလိုက်လုပ်ငန်းများအား လမ်းညွန်မှာကြားခဲ့ပြီးနောက် ခရိုင်ဥက္ကဌများနှင့်ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌများမှပါတီ၏ ဆောင်ရွှက်နေသောလုပ်ငန်းကိစ္စရပ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ပြီးနောက် ပါတီတာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းခဲ့ပြီး အခမ်းအနားအားအောင်မြင်စွာရုပ်သိမ်းခဲ့သည်။