ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ကျင်းပ

 

ပေါင်းတည် မေ ၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် ကျင်းပမြဲဖြစ်သော လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ် ပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

သနပ်ပင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

သနပ်ပင် မေ ၉

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် လွမ်းပြေကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ရန်ကုန် မေ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဆင်နင်းပင်အုပ်စု ဆင်နင်းပင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးကျော်စီနေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်ခိုင်ဖြိုးပါတီဝင်များ ဂုဏ်ပြုကြိုဆို

 

မင်းလှ မေ ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် လက်ဆက်အုပ်စု စိန်ကန့်လန့်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ ပြန်လည်ရောက်ရှိ လာခြင်းအား ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းတို့က ဂုဏ်ပြုကြိုဆိုခြင်းများ ပြုလုပ်ကြသည်။

(၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုကြိုဆို

 

မေ ၅၊ ပြည်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၇၃ နှစ်မြောက် မီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားအား ၅-၅-၂၀၁၉ ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း တက်ရောက်ဂုဏ်ပြု ကြိုဆိုခဲ့ကြပါသည်။

ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ကြို့ပင်ကောက် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့် စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ရုံးချောင်း အုပ်စု/ကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးသောင်း ကြည်နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

နတ်တလင်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြစိုး၊ အတွင်းရေးမှူးဦးကျော်မင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယမန်နေ့ နံနက်၈နာရီခွဲ၌ သရက် တပင်ကျေးရွာအုပ်စု ဝန်တဲရွာ ဦးစိုးသန်း (ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ)နေအိမ်တွင် ပြည်သူ့စကား ဝိုင်းပြုလုပ်ရာ ရပ်မိရပ်ဖများ၊ ပါ တီဝင်များ တက်ရောက်အကြံပြု ဆွေးနွေးကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် အုတ်ဖြတ်ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

 

ဧပြီလ ၃

ဖြူးမြို့နယ် အုတ်ဖြတ်ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ၃.၄ .၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းပါတီဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားသို့ ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်မောင်စိုး မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါတီဝင်များ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။

ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

အုတ်တွင်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် ဆွဲလဲချောင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးမင်းနိုင်နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီတွင် ကျေးရွာ အုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။