တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌနှင့် အမြဲစိမ်းအမျိုးသမီးအဖွဲ့ တွေ့ဆုံ

 

ပေါက်ခေါင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာ ဒုတိယ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်ထားထား နု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ ပေါက်ခေါင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ပေါက်ခေါင်းမြို့နယ် ရပ်သစ်အုပ်စု ဆည်တော်ဦးရွာ (အမြဲစိမ်း) အမျိုးသမီး အဖွဲ့နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံစကားပြောကြားပြီး တိုင်းပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ထားထားနုက ဆပ်ပြာရည်လုပ်နည်းကို လက်တွေ့သင်ကြားကာ ဆပ်ပြာရည်ဗူးများအား ပေးအပ်ခဲ့ပါသည်။