ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဝေါမြို့နယ် ဒေသခံပြည်သူများနှင့် ဆွေးနွေးပွဲ ပြုလုပ်

 

ဝေါ သြဂုတ် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးအရှေ့ တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် ယမန်နေ့ နံနက် ၁ဝ နာရီက ဝေါမြို့နယ် တမာတကေကျေးရွာ၌ တမာတကေကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးတင်ထွန်း၏ နေအိမ်တွင်ပါတီဝင် မိသားစုများနှင့် တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးလှသိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဖွဲ့စည်းပုံဥပဒေပါ ၅၉(စ)နှင့် ဥပဒေပြဋ္ဌာန်းချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် ကလေးသူငယ်ဆိုင်ရာ မွေးစားခြင်း ဥပဒေပါ ပြဋ္ဌာန်းချက် များ၊ ကျေးရွာလမ်း ပိုမိုအဆင့်မြင့်ကောင်း လာစေရေးတို့အား ပြည်သူများနှင့် အပြန်အလှန် စကားဝိုင်းဖွဲ့ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးအရှေ့ တွဲဖက်တာဝန်ခံ ဦးလှသိန်းနှင့်အတူ ပဲခူးခရိုင် ပါတီကော်မတီဝင် ဦးကျော်ဇော၊ ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ ပါတီအတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးသောင်းထွန်းတို့ လိုက်ပါ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။အောင်မြတ်လင်း(ဝေါ)