ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဆိုင်းပုဒ်တင်ပွဲနှင့် အုပ်စုတွင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 

ဇူလိုင် ၁၀ ၊ ကျောက်တံခါး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (USDP) ပါတီ၏ ရပ်ကျေးဆိုင်းပုဒ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်းအား ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပဲနွယ်ကုန်းဒေသ အနန်းဘော်ကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဆန်းဦး မြို့နယ် အတွင်းရေးမှူး ဦးဘုန်းမြင့်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ ဒေသတာဝန်ခံများ “သီဟသွေးလူငယ်” ခေါင်းဆောင်များ ရပ်မိ/ရပ်ဖများ ကျေးရွာအုပ်စုအတွင်းရှိ ပါတီကေဒါများ ရွာခွဲခေါင်းဆောင်များ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ကျေးရွာအုပ်စု၏ ပါတီဆိုင်းပုဒ်တင်ပွဲအား ရှေးဦးစွာ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး အုပ်စုစည်းရုံးရေးမှူး မချိုမာတို့မှ အောင်သပြေခတ်ဖြင့် အမွှေးနံသာရေများ ပက်ဖျန်းခဲ့ကြ ပြီးနောက် ရေနွေးကြမ်းစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ မိမိတို့ပါတီမှ ဆောင်ရွှက်ပေးခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ လက်ရှိပါတီမှ ဆောင်ရွှက်နေသော နိုင်ငံရေးဆိုင်ရာ အခက်အခဲ ပြဿနာများ ရှေ့ဆက်ဖော်ဆောင်နေသော တောင်သူလယ်သမား အလုပ်သမား အမျိုးသမီး အခန်း ကဏ္ဏဆိုင်ရာ မူဝါဒရည်မှန်းချက်များ ပါတီ၏နိုင်ငံရေးရပ်တည်မှူ မူဝါဒများ လွှတ်တော်တွင်း လွှတ်တော် ပြင်ပတွင် ပြည်သူနှင့် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွှက်နေမူများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ ၂၀၂၀ ပါတီစုံရွှေးကောက်ပွဲ၏ မျှော်မှန်းချက် ရည်ရွှယ်ချက်များနှင့် ပါတီအောင်နိုင်ရေး လုပ်ငန်း စဉ်များအား ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများပါတီဝင်များမှ မိမိတို့ရင်ဆိုင် ကြုံတွေ့ နေရသော သီးနှံဈေးနှုန်း ကျန်းမာရေး ပညာရေး လမ်းပန်းဆက်သွယ်ရေး လူမူ့စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ရာ ပါတီတာဝန်ရှိများမှ အခန်းကဏ္ဏအလိုက် ပြန်လည်ဖြေရှင်း ဆွေးနွေးအကြံပြုခဲ့ပြီး ပြည်သူများမှ ဒိုးစည်ဒိုးပတ်များတီး ကခုန်၍ ဝမ်းမြောက်စွာဂုဏ်ပြု နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)