ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပဲခူးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ပဲခူး သြဂုတ် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့သည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးလှသိန်းက (၂ဝဝ၈ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက မိမိတို့မြို့နယ် အလိုက်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)