တိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက်ပါတီဝင်များနှင့် တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်း အတွင်းရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းပါတီကော်မတီဝင်များအဖွဲ့သည် ၁၄.၁၂.၂၀၁၆ရက်နေ့ နံနက် ၈း၄၀အချိန် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းများဆွေးနွေးခြင်း၊ အမာခံပါတီဝင် အင်အားစာရင်းများ သေချာစွာ ပြုလုပ်နိုင်ရေးတို့အား ဆွေးနွေးကြပါသည်။

တိုင်းပါတီဒုဥက္ကဋ္ဌနှင့်အဖွဲ့ မြို့နယ်ပါတီရုံးများသို့ သွားရောက်တွေ့ဆုံဆွေးနွေး

 

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ ဒု- ဥက္ကဋ္ဌ ဦအောင်ချိုဦး ၊ တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစည်းရုံးရေးရာတာဝန်ခံ ဦးစန်းအောင်နိုင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့သည် ဒီဇင်ဘာ (၁၃) ရက်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီ ၊ လက်ပံတန်း ၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုမြို့နယ် ပါတီရုံးများသို့ သွားရောက်ပြီး ပါတီဝင်အင်အားစီစစ်ရေး လုပ်ငန်းဆောင်ရွက်မှုများ၊ ပါတီလုပ်ငန်း ဆောင်ရွက်မှုများကို မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်များ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ကြိုပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးတင်စိုး၊ မြို့နယ်ကော်မတီဝင် များဖြစ်ကြသော ဦးဖိုးဝင်း၊ ဦးအောင်ကိုလတ်၊ ဦးတင်အောင်တို့ သည် ဒီဇင်ဘာ (၁၂) ရက် နံနက် (၉) နာရီအချိန်က ကြို့ပင်ကောက်မြို့နယ် လိမ္ပင်ကွင်းကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံ ကော်မတီဝင်များနှင့်အတူ အမာခံပါတီဝင်စီစစ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၁၀) ရက် နံနက် ၁ဝနာရီခွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာ တာဝန်ခံ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ကြို့ပင်ကောက် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန် စည်းဝေးပွဲ ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီခွဲက ရုံးခန်းမအတွင်း လပတ် မျက်နှာစုံညီအစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ ခရိုင်ပါတီ ကော်မတီဝင်ဦးသန့်ဇင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်တို့က ပါတီရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးကြသည်။ ယင်းနောက်ကျေးရွာ အုပ်စု ပါတီကေဒါခေါင်းဆောင်များက အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

သီလရှင်ဆရာကြီးဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း

 

ဗုဒ္ဓမြတ်စွာသာသနာ အရှည် တည်တံ့နိုင်ရေးအတွက် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် ‘သန္တိသုခ ဆွမ်းလောင်းအသင်း’မှ ကြီးမှူး ပြုလုပ်သော(၆)ကြိမ်မြောက် သီလ ရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲတွင် ပဲခူးခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ဦးဝင်းခိုင်နှင့် ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဝင်များက ဆွမ်းဆန်၊ ဆပ်ပြာမှုန့်များ အပါအဝင် အခြား စာရေးတံမဲများအား စေတနာရှင် အလှူရှင်အဖွဲ့ အစည်းအသီးသီးတို့ နှင့်အတူ စုပေါင်းကာ လှူဒါန်း ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း/ခရိုင်/မြို့နယ် စုံညီအစည်းအဝေးကျင်းပပြုလုပ်

ယနေ့ 6.12.2016ရက်နေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီ၊ခရိုင်ပါတီ၊မြို့နယ်ပါတီများ စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးအောင်ချိုဦးနှင့်ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီကော်မတီဝင်များ၊ပြည်ခရိုင်၊သာယာဝတီခရိုင်တို့မှ ခရိုင်ပါတီဥက္ကနှင့်ကော်မတီဝင်များ၊မြို့နယ်(၁၄)မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဌများတက်ရောက်ကြပါသည်။


လက်​ပံတန်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ​ရွှေဘုန်း​ရောင်​​စေတီတွင်​ လုပ်​အားဒါနလှူဒါန်း

4.11.2016
လက်ပံတန်းမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ညီကိုမောင်နှမများလောကမာန်အောင်ရွှေဘုန်းရောင်စေတီတော်မြတ်တွင်ပန်းရေးချမ်းဆီမီးတိုင်များထွန်းညှိပူဇော်ရင်ပြင်တော်သန့်ရှင်းရေးအားစုပေါင်းကုသိုလ်ယူခဲ့ပါတယ်


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ တိုင်းပါတီရုံးတွင်
တိုင်းအမျိုးသမီးရေးရာတာဝန်ခံ၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ၊(၁၄)မြို့နယ်မှ
အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ပြီးအမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် ဆွေးနွေုးကြပါသည်။