ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသငါးခုတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များစိုက်ထူ အောင်နိုင်ရေးအလံများ လွှင့်ထူ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသတာဝန်ခံ များ၊ဝန်းရံသူပါတီဝင် လူငယ်မောင်မယ်များ ပါဝင်၍ ယမန်နေ့ နံနက် မင်္ဂလာအချိန်မှစ၍ ဖြူးဒေသ၊ အုတ်ဖြတ်ဒေသ၊ညောင်ပင်သာဒေသ၊ ကညွတ်ကွင်းဒေသနှင့် ဇေယျဝတီ ဒေသများသို့ လှည့်လည်၍ လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ ဓာတ်ပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ၍ အောင်နိုင်ရေးအလံများ လွှင့်ထူ ခဲ့ကြကြောင်း သိရသည်။ ကျော်ဆွေဝင်း(ရွှေအင်း)