ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ စာရေးဆရာများ သတင်းစာဆရာများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း

 

ညောင်လေးပင် သြဂုတ်လ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ သတင်းစာ ဆရာများအား COVID-19 ကာလအတွင်းအသုံးပြုနိုင်ရန်အတွက် အခြေခံစားသောက်ကုန် များထောက်ပံ့ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲက ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အလှူရှင်များဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီမှ ဦးမျိုးညွန့် (တရား လွှတ်တော်ရှေ့နေ)နှင့် ဒေါက်တာသန့်ဇော်လွင် တို့ကတက်ရောက်လာကြသော စာရေးဆရာ၊ သတင်းစာ ဆရာများနှင့် မိတ်ဆက်စကားပြောကြားပြီး လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက် သွန်၊ သကြား၊ ဆန်ကြာဆံ၊ နို့ဆီ၊ ကော်ဖီမစ်၊ အသားတု၊ ကွေ့ကာ ကိုလာစသည့် အမည် ၁ဝ မျိုးအား ပေးအပ်လှူဒါန်းရာ စာရေးဆရာများကိုယ်စား မြန်မာနိုင်ငံစာရေး ဆရာအသင်း (ဗဟို) အလုပ်အမှုဆောင် ဒေါက်တာမြင့်သန်း (ညောင်လေးပင်) က လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သတင်းစာဆရာများကိုယ်စား မြို့နယ်သတင်းထောက် များက အသီးသီးလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ် ပြန်ဆက်ဦးစီးဌာန အတွက် Sugrcial Mask အခု၅ဝဝအားပေးအပ်လှူ ဒါန်းရာပြန်ဆက်ဦးစီးမှူး ဒေါ်နီနီဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြေားကြားခဲ့သည်။

လှူဒါန်းပွဲသို့ညောင်လေး ပင်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်စာရေး ဆရာများ၊ သတင်းစာ ဆရာများ တက်ရောက်ခဲ့ကြပြီး မတက်ရောက်နိုင်သော စာရေးဆရာမများအား အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထိုမှတစ်ဆင့် အလှူရှင် ဒေါက်တာသန့်ဇော်လွင်က ပိန်းဇလုပ်မြို့ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်တစ်သိန်း၊ ရွေ့လျားဆေးပေးခန်းသို့ ဆေးဝါးများအပြင် Sugrcial Mask အခု ၄ဝဝ ကိုပါ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ နေလင်း(ညောင်လေးပင်)