ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဝေါမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း များတွင် ဝါဆိုသင်္ကန်းကပ် အထကကျောင်းသို့ Mask နှင့် လက်သန့်ဆေးရည်များ လှူဒါန်း

 

ဝေါ သြဂုတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဇော၊ ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ဝေါမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၂ဝ မှ ဆရာတော်ကြီးများအား ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဝေါမြို့နယ် သဒ္ဓမ္မပါလကျောင်းဆရာတော် ဦးဝေပုလ္လထံတွင် ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက် တာဝန်ခံ ဦးလှသိန်းနှင့် ပါတီကော်မတီဝင်များက ဝေါမြို့ပေါ်ရှိ ကျောင်း ပေါင်း ၂ဝ မှ ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဝေါမြို့နယ် အခြေခံပညာအထက် တန်းကျောင်းတွင် Mask အခု ၇ဝဝ နှင့် Hand Gel ကိုးဘူး တို့ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်မော်ထံ ပေးအပ် လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့နှင့်အတူ တိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးတို့ တက်ရောက်ကြကြောင်း သိရသည်။