ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာမှ မြို့ပေါ်ရပ်ကွက်များအား သွေးလွန်တုပ်ကွေး မဖြစ်ပွား စေရန် ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၈နာရီမှ ဆားတန်း ရပ်ကွက် ပဲခူးရပ်ကွက် လူနေအိမ်နှင့်ခြုံနွယ်ထူထပ်ပြီး ခြင်ခိုအောင်နိုင်သည့် နေရာများအား ခြင်းဆေး ဖြန်းခြင်း ရောဂါပိုးကူးစက်မှု မပြန့်ပွားစေရန် လမ်းဘေးဝဲယာ ထုံးဖြူးခြင်းများအား မြို့နယ်ပါတီလူငယ် ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်နှင့် အမျိုးသမီးတာဝန်ခံ ဒေါ်နုနုစိန်တို့မှ ဆောင်ရွက်ခဲ့ကြပြီး အကျိုးပြု လုပ်ဆောင်နေမှုအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဖုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟံသာဝင်း (ခ) ဦးသူရိန်နိုင်တို့ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။ခိုင်ကြီး(ကျောက်ကြီး)