စာအောင်သံဃာတော်များ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော် ၂၆၉၇ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီပါဝင်လှူဒါန်း

 

ပဲခူး ဇန်နဝါရီ ၂၈

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေ မော်ဓောစေတီတော်မြတ်ကြီး ရင်ပြင် တော်တွင် ယမန်နေ့ နံနက် ၉ နာရီ က ရွှေမော်ဓောစေတီတော်မြတ် ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ၊ဂိုဏ်းပေါင်းစုံသံဃနာယက ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့်သံဃာတော်၂၆၉၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

နတ်တလင်း ဇန်နဝါရီ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ၌ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ နယ်(အနောက်ခြမ်း)ကုန်းသာကျေး ရွာအုပ်စု ခင်ဇေယျကျေးရွာ ဦးသက်နိုင်ဦး (ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) နေအိမ် တွင် ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူများ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပေါင်းတည် ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်ခရိုင် ပေါင်းတည်မြို့နယ်သပြေကြီး အုပ်စုအတွင်းရှိ လယ်ဦးစုကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူးဦးမျိုးမင်းဇော်နှင့် မြို့နယ်ကော်မတီဝင် အဖွဲ့သည် ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးများကိုရှင်းလင်းပြောကြားပြီး ဒေသခံများက ပြန်လည်တင်ပြမှုများကို အတတ်နိုင်ဆုံးပူးပေါင်း၍ေ ဆာင်ရွက်သွားနိုင်ရေး အတွက် အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ် ပဲပုတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

တောင်ငူ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် တောင်ငူမြို့နယ် ဇီးဒိုင်းကျေး ရွာအုပ်စု ပဲပုတ်ကျေးရွာ ဒုတိယ ဥက္ကဋ္ဌ ဦးသန်း နေအိမ်၌ ယမန်နေ့ နံနက် ၉နနာရီက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြွန်တန်ဆာမြို့၌ကျင်းပ

 

ညောင်လေးပင် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကွက်ပါတီဆိုင်းဘုတ် တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌ တာဝန် ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၂) ရပ်ကွက်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ညောင်လေးပင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးကျော်ဌေးက အဖွင့်အမှာစကားနှင့်ပါတီရုံးဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့်ရှေ့လုပ်ငန်း စဉ်များကိုရှင်းလင်းပြောကြားပြီး ရပ်ကျေးဥက္ကဋ္ဌခန့်အပ်လွှာအား ပေးအပ်ခဲ့သည်။

ဒေသခံပါတီဝင်များနှင့်ပြည်သူများတွေ့ဆုံ

 

ပေါင်းတည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်း(အနောက်)ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း(ပေါင်းတည်တာဝန်ခံ)သည် ယမန်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ပေါင်းတည်မြို့နယ်ဆင်လူးအုပ်စုတွင်းရှိ ဆင်လူးကျေး ရွာနှင့် သရက်လုံးလကျေးရွာနေ ဒေသခံပါတီဝင်များ၊ ပြည်သူများ နှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွားရေးအခြေ အနေများ၊ ပါတီ၏သဘောထား၊ ဆက်လက်ဆောင်ရွက်နေမှုများကို ပွင့်လင်းမြင်သာစွာရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသူများက သိရှိလိုသည့်မေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ဟန်ဝင်းရွှေ(ပေါင်းတည်)

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီိမှ လစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်

 

(15-1-2019)ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရေးမှူး ဦးစိုးသီဟက ကွင်းဆင်း စည်းရုံးရေး ဆောင်ရွက်မည့်လုပ်ငန်းများ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိစ္စများ ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံများကလည်း မိမိနယ်မြေအလိုက် ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကျေးဥက္ကဋ္ဌများနှင့် ပါတီဝင်များကို စမူစာသုတ်ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် အရန်ကော်မတီဝင်များတွေ့ဆုံဆွေးနွေး

 

နတ်တလင်း ဇန်နဝါရီ ၁၄

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးမြစိုးက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက် လာသူများက ဒေသတွင်းအခြေ အနေနှင့် ဆက်လက်ဆောင်ရွက် သွားရမည့်လုပ်ငန်းများကို အကြံ ပြုတင်ပြကြရာပါတီဥက္ကဋ္ဌ ဦးမြစိုး ကအကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြား၍ကော် မတီဝင်များစည်းလုံး ညီညွတ်စွာ လုပ်ကိုင်ကြရန်နှင့်မိမိဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဌာနဆိုင်ရာ များ၊ပြည်သူများနှင့် လက်တွဲညီညီ ပူးပေါင်း လုပ်ဆောင်သွားကြရန် ပြောကြားကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပခြင်း

 

ပေါင်းတည် ဇန်နဝါရီ ၆

ပေါင်းတည်မြို့နယ် သပြေကြီးစုအုပ်စု လက်ပံကိုင်းကျေးရွာ တွင် ယနေ့နံနက်ပိုင်းကကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်အခမ်းအနားသို့ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးမှ ပေးပို့သော ကရင်အမျိုးသားနေ့ နှစ်သစ်ကူးသဝဏ်လွှာအား ဖတ်ကြားခဲ့ပါ သည်။

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ ရေးရာအလိုက်အစည်းအဝေးများကျင်းပ

 

ကျောက်ကြီး ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီ ဆိုင်းဘုတ်များအား ယမန်နေ့ နံနက် ၇ နာရီ တွင် သိမ်တန်းရပ်ကွက်မြို့နယ်ကော်မတီ ဝင် ဦးတင်စိုးနေအိမ်တွင်လည်းကောင်း၊ နံနက်၉နာရီခွဲတွင် တောင်ငူတန်းရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်သဲသဲမာ နေအိမ်တွင် လည်းကောင်း၊ နံနက် ၁ဝ နာရီခွဲတွင် ကပ်ကျေးရပ်ကွက်ပါတီဥက္ကဋ္ဌ ဒေါ်နုနုစိန် နေအိမ်တို့တွင် ရပ်/ကျေးပါတီဆိုင်းဘုတ် များအား အသီးသီးတင်ခဲ့ကြပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် ကော်မတီဝင် များက ရေးရာအလိုက် အစည်းအဝေးများ ကျင်းပခဲ့ကြပြီး အဆိုပါ ဆိုင်းဘုတ်တင် အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရ သည်။